MOWA ကိုတည်ထောင်ရခြင်း အကြောင်းကတော့ ကျွန်တော်တို့ ယနေ့လက်ရှိအချိန်မှာ အွန်လိုင်းမှာ စာပေရေးသား သူများဟာ ဘလော့တွေပေါ်မှာ တင်မကတော့ပဲ၊ social ဆိုက်တွေပေါ်မှာ၊ forum တွေပေါ်မှာ တခြားအနုပညာနဲ့ သက်ဆိုင်တဲ့ဆိုက်တွေ ပေါ်မှာပါ ရေးသား လာနေကြပါပြီ။ ဒီတော့ ဒီလို အွန်လိုင်းမှာ စာပေရေးသားနေတဲ့ သူတွေအားလုံးကို တစုတစည်းထဲ ဖြစ်စေချင်တာရယ်၊ နောက်ပိုင်း အလျင်းသင့်ရင် စာပေ၀န်ဆောင်မှု မျိုးတွေကို ဒီအသင်းအနေနဲ့ ပြုလုပ်ပေး သွားမှာပါ။ အွန်လိုင်းစာပေလောက နဲ့ ပြင်ပ စာပေလောကရဲ့ ပေါင်းကူးတံတားလေး ပေါ့ဗျာ။ အသင်းကိုလဲ အပြင်ဘက်မှာပါ တရားဝင်ဖွဲ့သွားဖို့ ရည်ရွယ်ပါတယ် ခင်ဗျာ။ လောလောဆယ်တော့ အသင်းကို စတင် တည်ထောင်ဆဲ ဖြစ်ပြီး အဖွဲ့ဝင်များကို လက်ခံနေပါတယ်။